မော်တော်ကားများအပေါ် အခွန်ကောက်ခံမှု ၂၅ ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ထရမ့်ပြော
ဝါရှင်တန်
ဖေဖော်ဝါရီ ၁၉
ဧပြီလအစောပိုင်းမှ စတင်ကာ တင်သွင်းလာမည့် မော်တော်ကား များအပေါ် ကောက်ခံမည့်အခွန်
အခမှာ ၂၅ ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ကောက်ခံမည့်နှုန်းထားနှင့်
ကောက်ခံမည့်နိုင်ငံကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိသော် လည်း လာမည့် ဧပြီ ၂ ရက်
တွင် မော်တော်ကားအခွန်အခများ စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁၄
ရက်တွင် သတင်းထောက်များကို ပြောကြားထားသည်။ နိုင်ငံအားလုံးကို အခွန်ကောက်ခံမည်ဆိုပါက
အမေရိကန်နိုင်ငံသို့ အဓိကမော်တော်ကားတင်ပို့သူ ဖြစ်သော ဂျပန်နိုင်ငံအတွက် ထိုးနှက်ချက်
ဖြစ်လာဖွယ်ရှိနေသည်။
ဂျပန်မော်တော်ကား ထုတ်လုပ်သူများအသင်းက
ပြီးခဲ့သည့်နှစ်တွင် အမေရိကန်သို့ ခရီးသည် တင်ကား တင်ပို့မှု စုစုပေါင်း ၁ ဒသမ ၃၃ သန်းရှိကြောင်း
ပြောသည်။
ယင်းမှာ ဂျပန်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ
ခရီးသည်တင်ကားတင်ပို့မှု၏ သုံးပုံတစ်ပုံကျော်ရှိကြောင်း သိရသည်။
တစ်ပိုင်း လျှပ်ကူးပစ္စည်းများနှင့်
ဆေးဝါးများအပေါ် ၂၅ ရာခိုင်နှုန်းမှစတင်ကာ အခွန်ကောက်ခံ သွားမည် ဖြစ်ကြောင်းလည်း ထရမ့်က
ပြောကြားထားသည်။
အင်န်အိတ်ချ်ကေ

No comments