ပါလက်စတိုင်းများအား ရွှေ့ပြောင်းနေရာချထားရေးအစီအစဉ် ယူအေအီးသမ္မတလက်မခံ
အဘူဒါဘီ
ဖေဖော်ဝါရီ ၁၉
ယူအေအီးသမ္မတ ရှိတ်ခ်မိုဟာမက်ဘင်ဇေယက်
အယ်နာ့ယန်သည် ဖေဖော်ဝါရီ ၁၉ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့်
တွေ့ဆုံဆွေးနွေးစဉ်အတွင်း ပါလက်စတိုင်းများအား ၎င်းတို့ မြေပေါ်မှ ရွှေ့ပြောင်းစေရန်
မည်သည့်ကြိုးပမ်းမှုကိုမျှ လက်မခံဟုပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက အရှေ့အလယ်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး
အထူးသဖြင့် ဂါဇာဒေသ ပဋိပက္ခနှင့် ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း
အမ်းမရိတ်သတင်း အေဂျင်စီ တွင် ဖော်ပြထားသည်။
ယခုထက်ပို၍ လုပ်ဆောင်မှုများထပ်မံပြုလုပ်လျှင်
ဒေသတွင်းတည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေ ကြောင်းနှင့် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှု
ပိုမိုပြုလုပ်ရန်ယူအေအီးသမ္မတက တိုက်တွန်းခဲ့သည်။
စီးပွားရေး၊ နိုင်ငံရေးနှင့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ယူအေအီးနှင့် အမေရိကန်နှစ်နိုင်ငံအကြား
ပိုမိုခိုင်မာသည့် ဆက်ဆံရေးရှိစေရန် အခွင့်အလမ်းများကို ပြန်လည်သုံးသပ် ခဲ့ကြသည်။
ရူဘီယို၏ အဘူဒါဘီခရီးစဉ်သည်
နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီးနောက် တတိယအကြိမ်မြောက် အရှေ့ အလယ်ပိုင်းခရီးစဉ်လည်းဖြစ်သည်။
၎င်းသည် ယခင်က အစ္စရေးနှင့်ဆော်ဒီအာရေဗီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။
ဆင်ဟွာ
No comments