ပုသိမ်ကြီးမြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁


ပုသိမ်ကြီးမြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက် အရှေ့ကျေးရွာရှိ ဝင်းအောင် နှင့် မသန်းလှေ တို့၏ နေအိမ်တွင် မူးယစ်ဆေးဝါးများကို ဘေထုပ်အတွင်းထည့်၍ ဟုမ္မလင်းမြို့သို့ လူမဲ့တန်ဆာဖြင့် ပေးပို့မည်ဖြစ်ကြောင်းသတင်းအရ ဝင်ရောက် ရှာဖွေရာ ပလတ်စတစ်ဆပ်ပြာခွက် ၈၅၄ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၈ ဒသမ ၅၄ ကီလို (တစ်ကီလိုလျှင် ၂၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၁၃၅ သိန်း)သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် SCANIA အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(တစ်ပြားလျှင် ၁၅၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၀၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.