ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် Port Sharing System ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်မြို့တော်အား Smart city ဖြစ်စေရေးဆောင်ရွက်အကောင်အထည် ဖော်မည့် Port Sharing System ရှင်းလင်းတင်ပြခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)၊ တာဝန်ရှိသူများနှင့် Eager Communication Group Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး Eager Communication Group Co,Ltd ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးကွန်ယက် တိုးချဲ့တည်ဆောက်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက် လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments