သီရိလင်္ကာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ခရီးသွားလာရောက်လည်ပတ်မှုစံချိန်တင်မြင့်မားမှုရှိ



ဖေဖော်ဝါရီ ၆

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ခရီးသွားလာရောက်လည်ပတ်မှုအရေအတွက် စံချိန်တင်မြင့်မားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလက ခရီးသွား ၂၅၂၇၆၁ ဦး လာရောက်လည်ပတ်မှုရှိရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ခရီးသွား ၂၀၈၂၅၃ ဦး စံချိန်တင်ဝင်ရောက်မှုထက် ကျော်လွန်သွားသည်ဟုဖော်ပြထားသည်။ လွန်ခဲ့သောနှစ်က ခရီးသွားဝင်ရောက်မှုပေါင်း ၂၀၅၃၄၆၅ ဦး ရှိသည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ခရီးသွား ၂၃၈၉၂၄ ဦး ဝင်ရောက်မှုရှိပြီး ထိုနှစ်က ခရီးသွားဝင်ရောက်မှုပေါင်း ၂၃၃၃၇၉၆ ဦးရှိရာ သီရိလင်္ကာနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက်မှုအများဆုံးထိပ်တန်းငါးနိုင်ငံမှာ အိန္ဒိယ၊ ရုရှား၊ ဗြိတိန်၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.