နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ် စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီတို ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနား တက်ရောက်



နေပြည်တော်   ဖေဖော်ဝါရီ   ၂၁


၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ 7 Club ဘိလိယက်နှင့် စနူကာရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် အမှတ်အများဆုံးဆု၊ ပူးတွဲ တတိယဆု ရရှိသူများ၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


 မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ တို ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို နေပြည်တော်ရှိ Naypyitaw State Polytechnic University ကျောင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် Naypyitaw State Polytechnic University  ကျောင်းသား၊ ကျောင်းသူများက Welcome to NSPU တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားကြသည်။


ယင်းနောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)ကဗလငါးတန်ပြည့်ဝရန်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်အတွက် မတည်ငွေကျပ် ၁၀ သိန်းနှင့် စာအုပ်စာစောင်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်ထံ ပေးအပ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)တို့ကိုဂုဏ်ပြု လက်ဆောင် ပေးအပ်သည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က စာအုပ်များနှင့် အားကစားပစ္စည်းများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် ထံလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက လူငယ်ရေးရာ အသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ကို လည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.