ကျောက်ဆည်ခရိုင်၌ မြှုပ်သခွား (ခေါ်) သခွားသီးအရှည်သီးများ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
ကျောက်ဆည် ဖေဖော်ဝါရီ
၂၇
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မြှုပ်သခွား (ခ)
သခွားအရှည်သီးများကို စိုက်ပျိုးကြကြောင်း သိရသည်။
သခွားအရှည်သီးကို
ရာသီမရွေးစိုက်ပျိုးပြီး သုံးလခန့်အကြာတွင် သခွားသီးများစတင်၍ ခူးဆွတ်နိုင်ကြောင်း၊
သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၅၀၀၀၀- ၄၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊
သခွားသီးကို နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် သခွားသီးအလုံးရေ
၃၀၀- ၃၅၀ အထိထွက်ရှိရာ တစ်ဧကလျှင် စုစုပေါင်း သခွားသီးအလုံးရေ ၆၀၀၀ - ၇၀၀၀ ခန့်ထွက်ရှိကြောင်း၊
ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြကြောင်း၊ တောင်သူများအနေဖြင့်
စိုက်ပျိုးစရိတ်ကုန်ကျသက်သာပြီး မိသားစုအပိုဝင်ငွေရရှိသော မြှုပ်သခွားသီး (ခ) သခွားသီး
အရှည်သီးကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)
%20%E1%80%9E%E1%80%81%E1%80%BD%E1%80%AC%E1%80%B8%E1%80%9E%E1%80%AE%E1%80%B8.jpg)
No comments