ကျောက်ဆည်မြို့နယ်၌ ပဲတောင့်ရှည် (ခေါ်) တစ်လပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
ကျောက်ဆည် ဖေဖော်ဝါရီ
၂၇
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်မြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများနှင့်
စားဖိုဆောင်သီးနှံများ အပါအဝင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက်
ပဲတောင့်ရှည် (ခေါ်) တစ်လပဲသီးနှံကို စိုက်ပျိုးကြကြောင်း သိရသည်။
ပဲတောင့်ရှည် (ခေါ်)
တစ်လပဲသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး တစ်လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊
အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများကို ပေါင်ခတ်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး
ပဲညွန့်များထွက်ပေါ်ချိန်တွင် တိုင်ထောင်ပေးရကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊
လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းခန့် ကုန်ကျပြီး ပိဿာချိန် ၃၅၀-၄၀၀ ခန့်ထွက်ရှိရာ
သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့်
ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် အချို့တောင်သူများမှလည်း
ကျောက်ဆည်မြို့ရှိ ကုန်စိမ်းလက်ကားဆိုင်များသို့ တိုက်ရိုက် တင်ပို့ရောင်းချလျက်ရှိကြောင်း၊
ဈေးနှုန်းကောင်းမွန်သောကြောင့် ပဲတောင့်ရှည် (ခေါ်) တစ်လပဲသီးနှံ စိုက်ပျိုးတောင်သူများ
တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)
%20%E1%80%90%E1%80%85%E1%80%BA%E1%80%9C%E1%80%95%E1%80%B2.jpg)
No comments