မြင်းခြံမြို့နယ်၌ ပန်းဂေါ်ဖီ (ခေါ်) ပန်းမုန်လာ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
မြင်းခြံ ဖေဖော်ဝါရီ
၂၇
မန္တလေးတိုင်းဒေသကြီး
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းဂေါ်ဖီကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ပန်းဂေါ်ဖီကို အောက်တိုဘာလနှင့်
နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလနောက်ဆုံးပတ်မှ စတင်၍ ယခုအချိန်အထိခူးဆွတ်ရိတ်သိမ်းလျက်ရှိကြောင်း၊
စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်တစ်လသားအရွယ်တွင် စိုက်ပေါင်၌ အတန်းလိုက်စိုက်ပျိုးရကြောင်း၊
မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုးစေ့၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၂၅
သိန်းခန့် ကုန်ကျပြီး ပျမ်းမျှအပွင့်ရေ ၅၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်
ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် အချို့တောင်သူများမှလည်း
မြင်းခြံမြို့ရှိ ကုန်စိမ်းလက်ကားဆိုင်များသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်းနှင့်
တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)
%20%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%9C%E1%80%AC.jpg)
No comments