တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈) သူရတပ်ခွဲပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၁


တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရာထူး ခန့်ထားရေးခန်းမ ဆောင်၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ကျောင်းဆင်း ဗိုလ်လောင်းများ၊ ၎င်းတို့၏ မိဘဆွေမျိုးများနှင့် နည်းပြများ တက်ရောက်ကြသည်။


အခမ်းအနား အစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ်နှင့် ကျောင်းအုပ်ကြီး တို့က စင်မြင့်တွင် နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများ ပေးအပ်ပြီး အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ခုနှစ်တွင် ပြင်ဦးလွင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁မှ၁၆)အထိ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇ မှ ၂၈)အထိ လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ကာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉ မှ ၈၂)အထိ လည်း ကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီ မြို့မှ ဗထူးတပ်မြို့သို့ ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈၃ မှ ယနေ့)အထိ ဗိုလ်လောင်း များအား လေ့ကျင့်သင်ကြားပေး လျက်ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။


တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း (ဗထူး) မှ ကျောင်းဆင်း အရာရှိများ အနက် အောင်ဆန်းသူရိယဘွဲ့ရရှိ သူ တစ်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ ၉၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံရသူ ၄၁၁ ဦးအထိ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.