တရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုတို့ကို ရုံးထိုင်ကြားနာ
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊
ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၅၈/၂၀၂၄ (ရန်ကုန်)၊ ၅၉/၂၀၂၄
(ရန်ကုန်)၊ ၆၀/၂၀၂၄ (ရန်ကုန်)၊ ၆၁/၂၀၂၄ (ရန်ကုန်)၊ ၇၅/၂၀၂၄ (ရန်ကုန်)၊ ၇၇/၂၀၂၄ (ဧရာဝတီ)
စုစုပေါင်း တရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၅/၂၀၂၄ (ရန်ကုန်) နှင့် တရားမအထူး အယူခံမှုအမှတ်
၇၉/၂၀၂၄ (မန္တလေး)၊ ၈၁/၂၀၂၄ (မကွေး)၊ ၈၂/၂၀၂၄ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု
(၃)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments