ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကျန်းမာရေးချို့ယွင်း
ဗာတီကန် ဖေဖော်ဝါရီ ၂၄
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်
ကျောက်ကပ်ပျက်စီးသည့် ရောဂါကိုခံစားနေရပြီး ကျန်းမာရေး ချို့ယွင်းနေကြောင်း ယနေ့
အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
ဗာတီကန်နန်းတော်က ယမန်နေ့တွင်
အထက်ပါအတိုင်းကြေညာခဲ့ခြင်းဖြစ်ပြီး အသက် ၈၈ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီးသည်
ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ အဆုတ်အအေးမိရောဂါ ခံစားနေရကာ ရောမမြို့ရှိ ဆေးရုံတွင်
ဆေးကုသမှုခံယူနေသည်။
ပုပ်ရဟန်းမင်းကြီးသည် ဖေဖော်ဝါရီ
၂၂ ရက်မှစတင်၍ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ခံစားနေရသောကြောင့်
အောက်ဆီဂျင်ဓာတ်ငွေ့ပေးသွင်း၍ ကုသပေးခဲ့ရာတွင် အစားအသောက်များ ပြန်လည်စားသောက်နိုင်ကာ
ဆေးရုံတွင် ဆုတောင်းပွဲ ကျင်းပနိုင်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးတက်ရောက်နေသည့်
ဆေးရုံအနီးနှင့် ဗာတီကန်တွင် ယမန်နေ့က ပရိသတ်အများအပြား ဆုတောင်းခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး ပြန်လည်ကျန်းမာလာစေရေးအတွက်
ဆုတောင်းပါကြောင်း သီလရှင်တစ်ဦးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ

No comments