PDF အမည်ခံ အကြမ်းဖက်သမားများက ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအနီး လယ်ယာလုပ်ငန်း ဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သုံးဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိ
နေပြည်တော် ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်း ဆောင်ရွက်နေသည့်
ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့်
အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး သုံးဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ
ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ
ခွန်တောင်းကြီးကျေးရွာနေ မသန္တာထွေး (ဘ) ဦးဝင်းမြင့်၊ မသန်းသန်းစိုး (ဘ) ဦးဝင်းဘိုနှင့်
ဒေါ်ပပဦး (ဘ) ဦးစိန်သန်းတို့ သုံးဦးသည် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀ ခန့်အကွာရှိ
လယ်ကွင်းများအတွင်း ပေါင်းမြက်များ ရှင်းလင်းနေစဉ် ယနေ့နံနက် ၉ နာရီ မိနစ် ၄၀
ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လယ်ကွင်း၏ အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍
လက်နက် ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့တွင်
လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာမျာ ရရှိခဲ့ကြောင်းနှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့
ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့
အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ သေဆုံး၊
ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက
လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်
ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သောလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
သတင်းစဉ်




No comments