နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ
နေပြည်တော် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး
နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်က လေကြောင်းမှ
ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု
တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများ
မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ယင်းရက်က
နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာ အနီးတစ်ဝိုက်တွင် အကြမ်းဖက်လုပ်ငန်းများ
လုပ်ဆောင်ရန်အတွက် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့ နေကြောင်း
တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လိုအပ်သည့်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊
ထိုသို့ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ကို တရားမဝင်
ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတု၊
သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း
လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည်။
သတင်းစဉ်
%20%E1%82%8F%E1%80%BC%E1%80%AC%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%82%80%E1%80%80%E1%80%AE%E1%80%B8%20%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%99%E1%80%99%E1%80%BD%E1%80%94%E1%80%B9.jpg)
No comments