ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟားခါးမြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့
အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြခန်း၌
ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တစ်ဦးချင်းအခက်အခဲများ ကိုမေးမြန်းကာ လုံခြုံရေးအသိဖြင့်
သွားလာကြရန်၊ မိမိတို့ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ကိုယ်စီကြိုးစားအားထုတ်ကြရန် တိုက်တွန်းမှာကြားပြီး
ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည်
ကလေးမြို့ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments