“အသက်တွေကယ်ဖို့ သွေးလှူစို့” အစီအစဉ်ဖြင့် စုပေါင်းသွေးလှူဒါန်း
ရန်ကုန် ဖေဖော်ဝါရီ ၂၁
“အသက်တွေကယ်ဖို့ သွေးလှူစို့ အစီအစဉ်”ဖြင့် MPT မှ (၁၅)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ် မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ MPT ဝန်ထမ်းများနှင့် စေတနာရှင် သွေးလှူရှင်များက သွေးအိတ်ပေါင်း ၃၂၀ လှူဒါန်းကြ ကြောင်း သိရသည်။
ထို့သို့ စုပေါင်းသွေးလှူဒါန်းမှုကို နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံ၊ MPT ဆက်သွယ်ရေး သင်တန်းကျောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ထားဝယ်ပြည်သူ့ ဆေးရုံကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတို့၌လည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပြီး စုစုပေါင်း သွေးလှူရှင် ၉၀၀၀ ပါဝင် လှူဒါန်း ကြကြောင်း သိရသည်။
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် MPT မှ သွေး လှူဒါန်းမှုကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံများနှင့် အမျိုးသား သွေးဌာနတို့အတွက် သွေးအိတ်ပေါင်း ၈၅၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ဇွဲမာန်၊ သစ္စာ(MNA)
No comments