ကလေးနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကလေးမြို့၊ စမ်းမြို့ (ကွက်သစ်) ရပ်ကွက်၊ D-3 လမ်းတွင် ခန့်ဇဆွန့် မောင်းနှင်လာသည့် LAND CRUISER PRADO အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ အိပ်စွပ်ကျေးရွာရှိ မလားလ်နိပ်မော၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ပလတ်စတစ်ဆပ်ပြာခွက် ၄၄၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဘိန်းဖြူ ၆ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ၅၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃,၃၀၀ သိန်း) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် စိုင်းကျော် (ခ) အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၃၅ ကီလို (တစ်ကီလိုလျှင် ၁၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၂ ဒသမ ၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ စိုင်းမောင်ဆိုင်း ငှားရမ်းနေထိုင်သည့် နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို (တစ်ကီလိုလျှင် ၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၀၀ သိန်း) နှင့် ဆိုင်ကယ် ၁ စီးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments