နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်အတွင်းရှိ နယ်မြေခံ စိုက်ပျိုးမွေးမြူရေးတပ်ရင်းနှင့် တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး




နေပြည်တော် ဖေဖော်ဝါရီ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ဗထူးတပ်နယ်အတွင်းရှိ နယ်မြေခံစိုက်ပျိုးမွေးမြူရေးတပ်ရင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နယ်မြေခံ စိုက်ပျိုးမွေးမြူရေး တပ်ရင်းသို့ရောက်ရှိရာ တပ်ရင်းအစည်းအဝေးခန်းမ၌ တပ်ရင်းမှူးက မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိမှုများကို သက်သာချောင်ချိ ရေး ဆောင်ရွက်ပေးနိုင်မှုအခြေ အနေများ၊ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယခုထက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးနှံများစိုက်ပျိုး ထုတ်လုပ်ရာတွင် အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန်လို ကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် မျိုး၊ မြေ၊ ရေ၊ နည်း မှန်မှန်ကန်ကန်ဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံမှုရှိမှုကို အထောက်အကူဖြစ်စေရေးအတွက် နေကြာအထွက်နှုန်း ကောင်းမွန်စေရေး ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အလားတူ အခြားစိုက်ပျိုးသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီသည့် အထွက်နှုန်းရရှိ အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး တပ်ရင်းအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်တွင်း၌ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်ရုံမျှ သာမက ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုက အထူးပင် ကျေးဇူးတင်လျက်ရှိသည်ကိုလည်း တွေ့ရှိရပြီး ယခုထက် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စံပြစိုက်ပျိုး မွေးမြူရေးဇုန်အတွင်းရှိ မြေစိုက် ရေခံအဆောက်အအုံနှင့် လေလုံ အအေးပေး အဆောက်အအုံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှု မှတ်တမ်းများ၊ မွေးမြူရေး စခန်းမှထွက်ရှိသော လားချေး၊ မြင်းချေးများ၊ စံပြမွေးမြူရေးဇုန် မှထွက်ရှိသော ကြက်၊ ဝက်၊ နွားချေး ကုန်ကြမ်းပစ္စည်းများနှင့် အခြား စိုက်ပျိုးရေး စွန့်ပစ်ကုန်ကြမ်း ပစ္စည်းများအား မြေဆီဩဇာ ကြွယ်ဝသော သဘာဝမြေဆွေး အဖြစ် စမ်းသပ်ထုတ်လုပ်အသုံးပြု လျက်ရှိမှု၊ စိုက်ပျိုးရေးဇုန်မှထွက်ရှိ သည့် နေကြာစေ့မှ ဆီကြိတ်ခွဲ ထုတ်လုပ်နေမှု၊ သဘာဝမြေဩဇာ များထုတ်လုပ်ထားရှိမှု၊ ရွှေဖရုံ၊ ဘူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန်ညင်း၊ ခရမ်း စသည်များ ကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့် မျိုးစေ့ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြင်ပသို့ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေ ရောင်းချပေးလျက်ရှိမှု၊ ဆီနေကြာမျိုးစေ့ ထုတ်ယူရန် နမူနာ ခင်းကျင်းပြသထားရှိမှု၊ Green House အတွင်းနှင့် စိုက်ပျိုးရေးခြံအတွင်း ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထားရှိမှုတို့ကို စိတ်ပါ ဝင်စားစွာဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ရှင်းလင်းတင်ပြမှုများအပေါ် လမ်းညွှန်မှာကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မေထုန်မဲ့ နည်းပညာဖြင့် နို့စားနွားနှင့် DYL မျိုးမြင့် ဝက်များမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗထူး တပ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ရောက်ရှိကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအခြေအနေများ၊ ရောဂါ ကုသပျောက်ကင်းမှုအခြေအနေ များကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကား ပြောကြားကာ အရာရှိ၊ စစ်သည် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ဆေးရုံ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအားမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.