အာဖဂန်နစ္စတန်နိုင်ငံ၌ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုပြုလုပ်
ဖေဖော်ဝါရီ ၂၄
အာဖဂန်နစ္စတန်နိုင်ငံတွင်
ပိုလီယိုရောဂါကူးစက်မှုမှကာကွယ်ရန် အသက်ငါးနှစ်အောက်ကလေးငယ် ၆ ဒသမ ၃ သန်းနီးပါး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလေးရက်တာလှုပ်ရှားမှုပြုလုပ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်းရှိပြည်နယ်
၃၄ ခုအနက် ပြည်နယ် ၁၆ ခုရှိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကို ဖေဖော်ဝါရီ
၂၄ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ
ရှာရာဖတ်ဇာမန်အာမာခီလ်က ပြောကြားသည်။
ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကိုထိရောက်စွာဆောင်ရွက်နိုင်ရန်
လူမျိုးစုအကြီးအကဲများ၊ ဘာသာရေး ဆရာများနှင့် မိဘများအား အပြည့်အဝပံ့ပိုးကူညီပါဝင်ကြရန် ၎င်းက တိုက်တွန်ပြောကြေားထားသည်။
လွန်ခဲ့သောသီတင်းပတ်က အနောက်ပိုင်းဘတ်ဂစ်ပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူတစ်ဦးတွေ့ရှိကြောင်း
ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments