ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ကုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်စုစုပေါင်း(၄၅)ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှတ်တရ လက်ဆောင် များ ပြန်လည်ပေးအပ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် (၁၅)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ်နှင့် ထားဝယ်မြိုတို့ရှိ ဆေးရုံများနှင့် သွေးဌာနများတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ကာ စုစုပေါင်း လူဦးရေ (၃၂၀) ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments