ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မုံရွာမြို့နယ်မှပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးပြီး Unique ID ထုတ်ပေးနေမှုကြည့်ရှုအားပေး



နေပြည်တော် ဖေဖော်ဝါရီ ၂၁


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ချင်းတွင်းခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရဖြည့်စွက်စာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား သို့ တက်ရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးပြီး အငြိမ်းစားဝန်ထမ်း ၈၀၀ ကျော် အတွက် အာဟာရဖြည့်စွက်စာကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့နောက် မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အထွေထွေကျန်းမာရေးစစ်ဆေးကုသပေးနေမှုနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အခြေခံစားသောက် ကုန်များနှင့် ဟင်းသီးဟင်းရွက်များရောင်းချနေမှုကို  ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း ဖူဆယ်အားကစားရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်()ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုနှင့် နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-IDစနစ်ဖြင့် Biographic/Biometric ကောက်ယူကာ  Unique ID နံပါတ်ထုတ်ပေး ခြင်းလုပ်ငန်း One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။


 အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီ၁၈ ရက်မှစတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့အထိ  မုံရွာမြို့နယ်မှ ဒေသခံပြည်သူ ၃၃၀ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူကာ Unique ID ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.