ပီရူးနိုင်ငံရှိ ဈေးဝယ်စင်တာ ခေါင်မိုးပြိုကျမှုဖြစ်ပွား၊ ခြောက်ဦးသေဆုံး
လီမာ ဖေဖော်ဝါရီ ၂၃
ပီရူးနိုင်ငံအနောက်မြောက်ပိုင်း
ထရူဂျီလိုပြည်နယ်ရှိ ဈေးဝယ်စင်တာကြီးတစ်ခုအတွင်း၌ အစားအသောက်တန်းဘက်ရှိ
ခေါင်မိုးပြိုကျခဲ့ရာ ခြောက်ဦးသေဆုံးပြီး ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂
ရက် တွင် အာဏာပိုင်များက ပြောသည်။
ရီရယ်ပလာဇာ ဈေးဝယ်စင်တာကြီးအတွင်း
ယခုလိုအမိုးပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် ၃၀ ခန့်မှာ
ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ၄၈ ဦးမှာ ဆေးရုံ၌ ရှိနေဆဲပင်ဖြစ်ကြောင်း အန်ဒီနာ
သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများထဲမှသုံးဦးမှာ
စိုးရိမ်ရသည့်အခြေအနေရှိသည်။ အစားအသောက်တန်းရှိ ကလေးများအတွက်နေရာတွင်
ခေါင်မိုးပြိုကျခဲ့ခြင်းဖြစ်ပြီး ယင်းနေရာရှိ အမိုးတွင် တပ်ဆင်ထားသည့်
ပစ္စည်းများမှာ အပေါ့စားပစ္စည်းများမဟုတ်ဘဲ အကြီးစားပစ္စည်းများဖြစ်ကြောင်း
အာဏာပိုင်များက ပြောသည်။
သွေးလိုအပ်ခြင်း
မြင့်မားနေသည့်အတွက် ပြည်သူများ သွေးလှူကြရန် ပီရူးအစိုးရက တောင်းဆိုထားသည်။
အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ပြင်းထန်စွာ အပြစ်ပေးသွားမည်
ဖြစ်ကြောင်း ပီရူးသမ္မတ ဒီနာဘော်လူအာ့ထ်က ပြောသည်။
လူသားတို့၏အသက်ထက်
စီးပွားရေးအကျိုးအမြတ်ကို ဦးစားမပေးနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ထရူဂျီလိုပြည်နယ် အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ဆင်ဟွာ
No comments