ကျောက်ဆည်ခရိုင်၌ ပဲယဉ်းများစတင်ထွက်ပေါ်၍ ဈေးကောင်းရရှိ
မန္တလေး ဖေဖော်ဝါရီ
၁၈
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး၊ ပဲ၊
ပြောင်း သီးနှံမျိုးစုံအပြင် ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးကြပြီး စိုက်ဧကစုစုပေါင်း
၅၁၈ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ
သိရသည်။
ပဲယဉ်းသီးနှံကို
အောက်တိုဘာလဆန်းတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ ထွက်ရှိကြောင်း၊ ပဲယဉ်းကြီးမျိုးနှင့်
ပဲယဉ်းသေးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊
မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ပဲယဉ်းတစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ ခန့် ကုန်ကျပြီး၂၀-၂၅
တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်၊ မြစ်သားမြို့ရှိ
ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊
ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကာ သီးနှံပေါ်စအချိန်တွင် ဈေးနှုန်းကောင်းမွန်လျက်ရှိသောကြောင့်
ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ပဲယဉ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်-
စီးပွား/ကူးသန်း

No comments