မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၇၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့်
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊
အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက်
နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park
နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့်
ပြည်ပနိုင်ငံသား ၂၇၃ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို
သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ - တရုတ်
- ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ မြဝတီမြို့၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ညှိနှိုင်းခဲ့ကြပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့်
မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၅
ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်
ဝင်ရောက်လာသည့် ပြည်ပ နိုင်ငံသား စုစုပေါင်း ၁၃၀၃ ဦးကို စစ်ဆေးဖော်ထုတ်
နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
(%E1%81%81%E1%81%87.%E1%81%82.jpg)
(%E1%81%81%E1%81%87.%E1%81%82aaaa.jpg)
(%E1%81%81%E1%81%87.%E1%81%82bbbb.jpg)
No comments