ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “RC-Investments” Foundation မှ Director အား လက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “RC-Investments” Foundation မှ Director Mr. Alexander S. SHATIROV အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဓာတ်သတ္တုကဏ္ဍဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments