အိန္ဒိယ၊ စင်ကာပူနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများရောက်ရှိ
နေပြည်တော် မတ် ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို
အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင်
ပြည်ပမှလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ
အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့တွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အိန္ဒိယ၊
စင်ကာပူနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေး အဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့
ရောက်ရှိကြသည်။
ယနေ့တွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အိန္ဒိယနိုင်ငံမှ
ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးခွေးလေးကောင်၊
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် ဆေးဝါးများ၊ စင်ကာပူနိုင်ငံမှ
ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊
ရှာဖွေ ကယ်ဆယ်ရေး ခွေးလေးကောင်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်
ဆေးဝါးများ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်၊ သူနာပြုဆေးအဖွဲ့များ၊
လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ရောက်ရှိကြသည်။
ယနေ့ရောက်ရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့်
သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ
တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး အဆိုပါ အဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်
ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments