တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ​အိန္ဒိယနိုင်ငံမှလှူဒါန်းသည့်​ကူညီကယ်​ဆယ်​ရေးပစ္စည်းများ​ရောက်​ရှိ



 

ရန်ကုန်မတ်၂၉

 

မတ်၂၈ ရက်​ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင်မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်၂၁ ကီလိုမီတာခန့် အကွာအဝေးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်​(ခ်)​တာစကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့်​ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ရှေ့မြောက်ဒေသ၊နေပြည်တော်ကောင်စီနယ်မြေနှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာဒေသများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည် 

 

ငလျင်ဒဏ်သင့်ဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်အစိုးရအနေဖြင့်​ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက်​ လမ်းဖွင့်ပေးထားပြီဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများ တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၇ ဦးနှင့် ရှာဖွေကယ်ဆယ် ရေး အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသောလေယာဉ်သည် မတ်၂၉ ရက်နံနက်၇ နာရီ  မိနစ်ခန့်တွင်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်သံရုံးမှ First Secretary ဖြစ်သူ Mr. Zhu Feng နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ယနေ့ ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီစဉ်ထားရှိသည့် မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားကြသည်။

 

ဆက်လက်၍ ယနေ့နံနက်၈ နာရီ မိနစ် ၄၀ တွင်​ အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများ အတွက်​ ကူညီကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်လာသောလေယာဉ်သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ တာဝန်ရှိသူတို့က ကြိုဆိုကြသည် 

 

 အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက်ပေးပို့လိုက်သည့်ကူညီကယ်ဆယ်ရေးပစ္စည်း များကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက လက်ခံရယူသည်

 

အိန္ဒိယနိုင်ငံအစိုးရက ပေးပို့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများမှာ ခေါက်ဆွဲခြောက်၊ Solar မီးအိမ်၊ မီးဖိုချောင်သုံး ပစ္စည်း၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ မီးစက်၊ ဆေးရုံသုံးပစ္စည်း၊ တာပေါ်လင်၊ စောင်၊ ခြင်ထောင်၊ ပလတ်စတစ်အိတ်မျိုးစုံတို့ ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

 

No comments

Powered by Blogger.