ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်

 


 

နေပြည်တော် မတ် ၂၉

 

၂၀၂၅ ခုနှစ် မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန် တွင် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး တို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ ငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကေလာကျေးရွာအုပ်စုနှင့် နန့်ပန် ကျေးရွာအုပ်စု၊ နန့်ပန်ကျေးရွာရှိ အလိုတော်ပေါက်ဘုရား၊ သာလေး ကျေးရွာအုပ်စု နန်းဟူးကျေးရွာရှိ ဖောင်တော်ဦးဘုရား စသည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့်နေရာများ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အနှိပ်တော် ရပ်ကွက်ရှိ အဆောက်အအုံ၊ မန္တလေးတက္ကသိုလ်ရှိ အဆောက်အုံများ၊ ဦးလှသိန်း ဓမ္မဗိမာန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ လမ်း/ တံတားများ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဝေဠုဝန်ရိပ်သာ ကျောင်းတိုက်၊ တောင်ငူမြို့နယ် အတွင်းရှိ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၊ ကန်သာ ဗလီဝတ်ပြုကျောင်း၊ သမိုင်းဝင် မဟာအောင်မြေရှိ ကောင်းမှုတော်စေတီတော်မြတ် ကြီးနှင့် သမိုင်းဝင်လောကမာရဇိန် နန်းတော်ဦး စေတီတော်မြတ်ကြီးတို့၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူ များအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

No comments

Powered by Blogger.