ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်သည့် ၂၀၂၅ တိုကျိုမာရသွန်ပြိုင်ပွဲ အားကစားသမား ၃၈၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်
တိုကျို မတ် ၂
ဂျပန်နိုင်ငံ တိုကျိုမြို့၌
ပြုလုပ်သည့် ၂၀၂၅ တိုကျိုမာရသွန်ပြိုင်ပွဲတွင် အားကစားသမား ၃၈၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြသည်ဟု သိရသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသည် နိုင်ငံ၏အကြီးဆုံး
အပြေးပြိုင်ပွဲကြီး ဖြစ်သည်။ ပြိုင်ပွဲဝင်ရန် ကံစမ်းမဲပေါက်သည့် ပြည်သူများလည်း
ပါဝင်ယှဉ်ပြိုင်ကြသည်။
ဂျပန်နှင့်နိုင်ငံရပ်ခြားမှ
လက်ရွေးစင်အပြေးသမားကိုလည်းဖိတ်ခေါ်၍ ယှဉ်ပြိုင်စေခဲ့သည်။ ပြိုင်ပွဲကို မတ်၂ ရက်
နံနက် ၉ နာရီဝန်းကျင်တွင် တိုကျိုမြို့တော် အစိုးရအဆောက်အအုံမှ စတင်ကျင်းပခဲ့သည်။
စိုင်တမာပြည်နယ်မှ အသက် ၅၀ အရွယ်
အမျိုးသားတစ်ဦးက ၎င်းသည်နိုင်ငံတစ်ဝန်း အပြေးပြိုင်ပွဲများတွင်
ပါဝင်ယှဉ်ပြိုင်ဖူးသော်လည်း တိုကျိုမာရသွန်ပြိုင်ပွဲကိုမူ ယခုတစ်ကြိမ်တွင်သာ
ပါဝင်ဖူးကြောင်း၊ ကံစမ်းမဲပေါက်သည့်အတွက် ပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
၎င်း၏ရည်မှန်းချက်မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ
ပြိုင်ပွဲပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ရန်ပင်ဖြစ် သည်ဟု ပြောသည်။
မာရသွန်လမ်းကြောင်းပေါ်ရှိ ကျယ်ပြန်သည့် ဧရိယာတစ်ဝိုက်တွင် ယာဉ်အသွား အလာများ
ကန့်သတ်ထားသည်။
အချို့သောလမ်းများကို ည ၉ နာရီအထိ
ပိတ်ထားမည်ဟု သိရသည်။ မတ် ၂ ရက်တွင် တိုကျို မြို့လယ်၌ ယာဉ်မောင်းနှင်ခြင်း မပြုကြရန်နှင့်
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကိုသာအသုံးပြုကြရန် တိုကျိုရဲများက
ပြည်သူများကို တိုက်တွန်းခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments