မြို့သစ်မြို့နယ်၌ နွေစပါး လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်
မြို့သစ် မေ ၁၅
မကွေးတိုင်းဒေသကြီး
မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် ၅၉၅၅ ဧက လျာထားရာ
ဧက ၅၉၆၀ အထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၌
တောင်သူများ နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည်ရေလှောင်တမံမှ ဧက ၃၉၆၀၊ ပုလင်းဆည်ရေလှောင်တမံမှ
၇၈၉ ဧက၊ စွန်ဆည်ရေလှောင်တမံမှ ၆၁၈ ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ ၅၉၃ ဧက စုစုပေါင်း ဧက
၅၉၆၀ အထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင်
နွေစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးကောင်းမျိုးသန့် စပါးမျိုးများ
ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊
စိုက်ပျိုးရာတွင် နည်းစနစ်ကျနစွာ စိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာ အချိုးကျမှန်ကန်စွာ
သုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)
.jpg)
No comments