ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမတက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကျောင်းဖွင့်ချိန်အမီပြီးစီးရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် မေ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့်
ထိခိုက်ပျက်စီးခဲ့သော ပင်မသုံးထပ်ဆောင်၊ စာသင်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်များနှင့်
ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း၊ ယာယီရုံးဖွင့်လှစ်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်
အဖြေလွှာစစ်ဆေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက
မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ငလျင်ဒဏ်သင့် အဆောက်အအုံများကို သတ်မှတ်အချိန်မီပြန်လည်ပြုပြင်နိုင်ရေး
အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရမည်ဖြစ်ပြီး အရည်အသွေး ပြည့်ဝရေး၊ သောက်သုံးရေနှင့်
လျှပ်စစ်မီးပုံမှန်ရရှိ ရေး၊ မိလ္လာစနစ်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ
ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရုံးသို့သွားရောက်၍ ခြံစည်းရိုးပြိုကျပျက်စီးမှု အခြေအနေ၊ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နေမှု
အခြေ အနေတို့ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကား
နှစ်စီးဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုကိုလည်းကောင်း
ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့်
ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင် များနှင့် သန့်စင်ခန်းများ ပြန်လည်ပြုပြင်နေမှု၊ သမဝါယမကောလိပ်(မန္တလေး)
သုံးထပ်ပင်မဆောင် နှင့်စာသင်ဆောင်များ ပြန်လည်ပြုပြင်နေမှု၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ
စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၏ နို့ချက် စက်ရုံ၌ နို့ဆီနှင့်
ဒိန်ချဉ်ထုတ်လုပ်နေမှုကို လည်း ကောင်း၊ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှု၊ မန္တလေးတိုင်းဒေသကြီး
သမဝါယမအသင်းစုချုပ်နှင့် Good Brother ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း တည်ဆောက်သည့်
ဆန်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်
ကျောက်ဆည်ခရိုင် စုပေါင်းရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများအား
တွေ့ဆုံအားပေးစကားပြောကြား၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးဝင်းအတွင်း
သမဝါယမဦးစီးဌာနရုံး တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ အလှူရှင်များ လှူဒါန်းထားသော
Prefabricated Modular House ငါးလုံးထားရှိမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ
လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် မိတ္ထီလာမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု
ကံဦးစံပြကျေးရွာရှိ ကံဦး (စံပြ) လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၏ ဆိတ်မွေးမြူရေးခြံသို့
သွားရောက်၍ ၂၀၂၅ ခုနှစ် မတ်လမှစတင်ပြီး ဆိတ်ကောင်ရေ ၁၂၀ မွေးမြူခဲ့ပြီး မတ်လအထိ ကောင်ရေ
၁၇ ကောင် တိုးပွားလာမှုကိုလည်းကောင်း၊ ပန်းတော်ဆက်ကျေးရွာသို့ သွားရောက် ၍ ပန်းတော်ဆက်
နို့စားနွားမွေးမြူရေး သမဝါယမအသင်း၏ ၂၀၂၄ ခုနှစ် ဩဂုတ်လမှစ၍ စပ်မျိုးနွားကောင်ရေ ၁၄၆
ကောင် မွေးမြူခဲ့ပြီး ယနေ့အချိန်ထိ ခြောက်ကောင်တိုးပွားလာမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ
လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
(1).jpg)
No comments