ဗန်ကောက်မြို့ရှိ အထပ်မြင့်အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၁၇ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်
ဗန်ကောက် မေ ၁၇
ဗန်ကောက်မြို့၌ အထပ်မြင့်အဆောက်အအုံ
ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသည့် ၁၇ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း
အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
အဆိုပါ အထပ်မြင့် အဆောက်အအုံမှာ မတ်လနှောင်းပိုင်းက
လှုပ်ခတ်ခဲ့သော အင်အားပြင်းထန် သော ငလျင်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၉၂
ဦးခန့် သေဆုံးခဲ့သည်။ ဖမ်းဝရမ်းကို မေ ၁၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဝရမ်း ထုတ်ခံရသူများတွင် ထိုင်းနိုင်ငံ၏
အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ် တစ်ဦးအပြင် တရုတ်နိုင်ငံပိုင်
ကုမ္ပဏီကြီးတစ်ခု၏ ဒေသ တွင်း လက်အောက်ခံကုမ္ပဏီ မှ အမှုဆောင်အရာရှိတစ်ဦး ပါဝင်ကြောင်း၊
ဘေးကင်းရေး စံချိန်စံနှုန်းများနှင့် မကိုက်ညီသည့် အဆောက်အအုံကို ဆောက်လုပ်မှုကြောင့်
လူပေါင်းများစွာ အသက် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသူများကို
စွပ်စွဲထားသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများမှာ
အဆောက်အအုံဆောက်လုပ်ရာတွင် အရည်အသွေးမမီသော ကွန်ကရစ်နှင့် သံမဏိတို့ကို အသုံးပြုထားကြောင်း
တွေ့ရှိသည်ဟု ပြောသည်။ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် သံသယရှိသူ အများစုမှာ ရဲတပ်ဖွဲ့ထံ
လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments