ဇမ်ဘီယာနိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၇၅ ဦးရှိလာ
မေ ၁၆
ဇမ်ဘီယာနိုင်ငံတွင်
ယမန်နှစ်အောက်တိုဘာလကစတင်ကာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၇၅ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက
ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်းရှိပြည်နယ်
၁၀ ခုအနက် ပြည်နယ်ခြောက်ခုတွင် မျောက်ကျောက်ရောဂါသံသယရှိသူ ၄၅၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ
မျောက်ကျောက်ရောဂါအတည်ပြုလူနာ ၁၆ ရာခိုင်နှုန်း
ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။
အဆိုပါရောဂါအတည်ပြုလူနာများအနက်
၃၂ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်းနှင့် ၄၁ ဦးကို နေအိမ်မှာပင် စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်ကြောင်း
ဖော်ပြထားသည်။ မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ သေဆုံးသူနှစ်ဦးသာရှိသည်ဟု
သိရသည်။
အသက် ငါးနှစ်အောက်ကလေးအရွယ်များတွင်
မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၅ ရာခိုင်နှုန်းရှိပြီး ယင်းရောဂါသည် အသက်အရွယ်အုပ်စုအားလုံး
တစ်ဦးချင်းစီအပေါ်တွင် သက်ရောက်မှုရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments