အလွန်သေးငယ်သော ပလတ်စတစ်များ သမုဒ္ဒရာရေမျက်နှာပြင်မှ ရေအောက်အနက်ပိုင်းအထိ ပျံ့နှံ့နေဟု နိုင်ငံတကာ သုတေသီအဖွဲ့ပြော
တိုကျို မေ ၁၂
အလွန်သေးငယ်သော ပလတ်စတစ်များသည် သမုဒ္ဒရာရေမျက်နှာပြင်မှ
ရေအောက်မီတာထောင် နှင့်ချီသည့် အနက်ပိုင်းအထိ ပျံ့နှံ့နေကြောင်း သုတေသီများက ပြောကြားလိုက်သည်။
အလွန်သေးငယ်သော ပလတ်စတစ်ဆိုသည်မှာ အရွယ်အစားကြီးမားသော စွန့်ပစ်ပလတ်စတစ်များ၏ ဆွေးမြည့်ပျက်စီးရာမှ
ဖြစ်ပေါ်လာသည့် ငါးမီလီမီတာ သို့မဟုတ် ၎င်းထက်ပိုမိုသေးငယ်သော အရာများကို ခေါ်ဆိုခြင်းဖြစ်သည်။
ငါးနှင့် အခြား သတ္တဝါများသည် အဆိုပါ ပလတ်စတစ်များကို အလွယ်တကူ မျိုချနိုင်သည့်အတွက်
ဂေဟစနစ်အပေါ် ၎င်းတို့၏ လွှမ်းမိုးမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
နေရာပေါင်း ၁၈၈၅ ခုမှအချက်အလက်များ
လေ့လာသုံးသပ်ခဲ့
ဂျပန်နိုင်ငံ ပင်လယ်-ကမ္ဘာသိပ္ပံနှင့်
နည်းပညာ အေဂျင်စီ (JAMSTEC) နှင့် ကမ္ဘာတစ်ဝန်းရှိ အခြား သုတေသနဌာနများမှ သုတေသီများ
ပူးပေါင်းပြီး သေးငယ်သော ပလတ်စတစ်များ သမုဒ္ဒရာထဲတွင် မည်ကဲ့သို့ ဖြန့်ကြက်တည်ရှိနေသည်ကို
ပိုမိုနားလည်သိရှိနိုင်ရန် သမုဒ္ဒရာထဲမှ နမူနာများကို ရယူခဲ့သည့် မတူညီသော နေရာပေါင်း
၁၈၈၅ ခုမှ ရရှိလာသည့် အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ကြကြောင်း သိရသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အကြား
အချက်အလက်များဖြစ်
အဆိုပါ အချက်အလက်များမှာ ၂၀၁၄ ခုနှစ်မှ
၂၀၂၄ ခုနှစ်အကြား စုဆောင်းထားသော အချက် အလက်များဖြစ်သည်။ ၀ ဒသမ ၁ မီလီမီတာအောက်ရှိ
အလွန်သေးငယ်သော အပိုင်းအစများသည် သမုဒ္ဒရာ ရေမျက်နှာပြင်မှ ရေအောက်အနက်ပိုင်းအထိ ပိုပြီးပျံ့နှံ့လေ့ရှိကြောင်း
သုတေသီများက ပြောသည်။
အဏ္ဏဝါဂေဟစနစ်ကို ကာလရှည်ထိခိုက်
ထိုကဲ့သို့ အလွန်သေးငယ်သော ပလတ်စတစ်အပိုင်းအစများသည်
နစ်မြုပ်ရန်အချိန်ကြာမြင့်ပြီး အဏ္ဏဝါဂေဟစနစ်ကို ကာလရှည်ထိခိုက်စေကြောင်း အဆိုပါအဖွဲ့က
သတိပေးထားသည်။
အင်န်အိတ်ချ်ကေ

No comments