ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဝန်ထမ်းများအတွက် Prefabricated House များ ဆောက်လုပ်မည့်နေရာများ ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၁၃

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Prefabricated House များ ဆောက်လုပ် မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက Prefabricated House အဆောက်အအုံများ စနစ်တကျနေရာ ချထားပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဆောင်ရွက်ရေး၊ ကူးစက်ရောဂါများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ကြိုတင်ဆောင်ရွက်ထားရေး၊ မိုးမကျမီ အပြီးဆောက်လုပ်ထားရှိနိုင်ရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ အချိန်မီဆောင်ရွက်ကြရေးနှင့် ဆောက်လုပ်ပြီးစီးသည့် နေအိမ်များတွင် ဝန်ထမ်းများ စည်းကမ်းတကျနေထိုင်ရေး မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

 

သတင်းစဉ်

No comments

Powered by Blogger.