ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ UNESCO Myanmar ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၁၃

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေခံပညာ ကျောင်းများ၊ ပညာရေးဒီဂရီ ကောလိပ်များ၊ တက္ကသိုလ်များကို ဇွန်လကျောင်းဖွင့်ချိန်အမီ ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများ ပြုပြင် ထိန်းသိမ်းရေး၊ အသစ်တည်ဆောက်ရေး လုပ်ငန်းများတွင် UNESCO အနေဖြင့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်

No comments

Powered by Blogger.