လှိုင်းဘွဲမြို့ မြို့မစျေး၌ စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်



လှိုင်းဘွဲ ဇွန် ၁၉

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရေး အတွက် စျေးသူစျေးသားများအား အသိပညာပေးသရုပ်ပြပွဲကို လှိုင်းဘွဲမြို့ မြို့မစျေးအတွင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။

 

စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စျေးသူစျေးသား များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။

 

မြို့နယ် စည်ပင်သာယာရေး အဖွဲ့တာဝန်ခံ ဦးကျော်နိုင်ဦးက စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက်များကို ခွဲခြား၍ စနစ်တကျ စွန့်ပစ်ပေးနိုင်စေရေး၊ စျေးနှင့် စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အမှိုက်သိမ်း ယာဉ်များပေါ်သို့ အမှိုက်များစွန့်ပစ်ကြလျှင် ယခုကဲ့သို့ အမှိုက်များကို ခွဲခြားစွန့်ပစ်ပေးကြစေလိုကြောင်း၊ မိမိတို့မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင် ကူညီပေးကြစေလိုကြောင်း ပညာပေးရှင်းပြခဲ့ကြောင်း သိရသည်။

 

စောဒိ(ပြန်/ဆက်)

No comments

Powered by Blogger.