အလုံခရိုင်၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြ



ရန်ကုန် ဇွန် ၁၉

 

အလုံခရိုင်၌ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ်စတစ်အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နည်း အသိပညာပေး သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

အသိပညာပေးသရုပ်ပြပွဲတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသိန်းက ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများအပါအဝင် လူမှုပတ်ဝန်းကျင်အသီးသီး၌ ပြည်သူများ ပူးပေါင်း ပါဝင်မှုဖြင့် အမှိုက်ခွဲခြား စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေး ဟောပြောသည်။ ထို့နောက် ခရိုင်စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူးက ခွဲခြားစွန့်ပစ်ရမည့် အမှိုက်လေးမျိုးအား သတ်မှတ်အမှိုက်ပုံးများအတွင်း စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်ရမည့်ပုံစံများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ အသိပညာပေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.