ပုသိမ်မြို့တွင် အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

 



ပုသိမ် ဇွန် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပုသိမ်မြို့အတွင်းရှိ တည်းခို ခန်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များအား အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဇွန် ၁၈ ရက် ညနေပိုင်းက ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က  အမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ် ဆောင်ရွက်ရေးအတွက် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ အမှိုက်ပုံးခွဲခြား ထားရှိခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အပတ်စဉ် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များကို ပလတ်စတစ်လျှော့ချရေးနေ့ အဖြစ် သတ်မှတ်၍ ပလတ်စတစ် အစားထိုးပစ္စည်းများသုံးစွဲရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို အရောင်များခွဲခြား၍ စနစ်တကျ စွန့်ပစ်ပြီး  မြို့သန့်ရှင်းသာယာ လှပရေးအတွက်  ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ဟောပြော ပြီး အမှိုက်များစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.