အထက်မင်းလှမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 



မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုး ဖြစ်သော မိုးနှမ်းကို ဧက ၄၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

မိုးနှမ်းကို ဧပြီလနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ နှမ်းဖြူမျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် မျိုးစေ့ ခုနစ်ပြည်ခန့် အသုံးပြု၍ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ယခင်နှစ်၌ စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ငွေကျပ် ၄၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် မိုးနှမ်းစိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မိုးနှမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

No comments

Powered by Blogger.