ဆန်စပါးသုတေသနဌာနစု၌ တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မွေးမြူရွေးချယ်ကွင်း ပြပွဲကျင်းပ
နေပြည်တော် ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆန်စပါးသုတေသနဌာနစု၌
ပြုလုပ်သည့် တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းကွင်းပြပွဲသို့
တက်ရောက် အမှာစကား ပြောကြားသည်။
မျိုးရွေးချယ်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ဇေယျာသီရိ၊
ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ သက်ဆိုင်ရာမြို့နယ် ဦးစီးမှူး၊ ပညာပေးဝန်ထမ်းများနှင့်
ဒေသခံတောင်သူများ တက်ရောက်ကြသည်။ ပြပွဲတွင် စပါးသားဆက်လိုင်း များဖြစ်သည့် (ပြည့်ဝxဧရာမင်း)၊
(ကျော်ဇေယျ × ရတနာတိုး)
x (ပြည့်ဝ x ရွှေအာဆီယံ)၊ (ကျော် ဇေယျ x ရတနာတိုး) x (ပြည့်ဝ x ဘာစမာတီ)၊ (ပြည့်ဝ
x လုံးသွယ် မွှေး)၊ (ပြည့်ဝ x ရွှေအာဆီယံ) စသည့် မိဘလိုင်းအစုံမျိုးလိုင်းများကို တောင်သူများက
စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး မွေးမြူထားသော မျိုးလိုင်းများ၏ အရည်အသွေး၊ စားသုံးမှု
အရည်အသွေးတို့ကို စမ်းသပ်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အစည်းအဝေးခန်းမ၌
ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ရေဆင်း စိုက်ပျိုးရေးတ ဘက္ကသိုလ် စီးပွားပညာဌာနမှ ဆရာ
ဆရာမ များနှင့်တွေ့ဆုံ၍ စပါးအထွက်နှုန်း ကွာခြားချက်များ ဆန်းစစ်လေ့လာရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်
ဂေဟစနစ်အလိုက် စံအထွက်နှုန်းများရရှိရေး ဆောင်ရွက်ရန် စစ်တမ်း တမ်းကောက်ယူရေး မွမ်းမံသင်တန်းများပေးရန်
ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments