ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သရုပ်ပြခြင်းအား ကြည့်ရှုအားပေး
ပုသိမ် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ဇွန် ၁၄ ရက်က ပုသိမ်မြို့ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်ခွဲခြားစွန့်ပစ် သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အမှိုက်ခွဲခြားစွန့်ပစ်သည့်
စနစ်ကို မြို့နယ်များနှင့် မြို့များရှိ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်ရန်အတွက် ရပ်ကွက်တစ်ခုစီကို ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်၍ စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက်
သီးခြားခွဲ၍ စွန့်ပစ်စေရေး အတွက် စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊
အများပြည်သူဆိုင်ရာ နေရာများတွင် အသိပညာပေးဟောပြောခြင်း၊ ပြည်သူများအား ရှင်းလင်း ပြောကြားခြင်း၊
လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ အမှိုက်ပုံးများခွဲခြားထားရှိခြင်း၊
ပလတ်စတစ်အစားထိုးအိတ်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းစိုက်ထူထားရှိပြီး အမှိုက်ခွဲခြား
စွန့်ပစ်သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အပတ်စဉ် တနင်္ဂနွေနေ့၊
ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့များကို ပလတ်စတစ် လျှော့ချရေးနေ့အဖြစ် သတ်မှတ်၍ ပြည်သူများအား
ပလတ်စတစ်အစားထိုးပစ္စည်းများ သုံးစွဲရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း
တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အမျိုးအစား ခွဲခြား၍
စနစ်တကျ စွန့်ပစ်ရေး၊ အမှိုက်သိမ်းဆည်းသည့် အဖွဲ့များအနေဖြင့် ကျန်းမာရေးအတွက် အန္တရာယ်မဖြစ်စေရေးနှင့်
အနံ့ဆိုးများမှ ကာကွယ်ရန် ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ ဝတ်ဆင်အသုံးပြု
စေရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ကွန်ကရစ်ဘလောက်တုံးများအတွင်း ထည့်သွင်းပြုလုပ်
အသုံးပြုနိုင်ရေး၊ နေ့စဉ်ထွက်ရှိသွင်းပြုလုပ်အသုံးပြုနိုင်ရေး၊ စွန့်ပစ်အမှိုက်များကို
စနစ်တကျ စွန့်ပစ်ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် ရပ်ကွက်များအတွင်း
အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် မှာကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments