ဒဂုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံ
တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး စားပွဲတင်
တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇွန် ၁၃ ရက်က အဆိုပါ တက္ကသိုလ်ရှိ အားကစားရုံ
(၁)၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်း ဝင်းသန်းက
အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဥပဒေပညာအသင်းနှင့် အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင်
ပထမဆု ရရှိသော ရုက္ခဗေဒအသင်း တို့ကို တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်ပြီး
ဒုတိယ ပါမောက္ခချုပ်များက အမျိုးသားအသင်းလိုက်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲနှင့်
အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတို့တွင် ဒုတိယနှင့် တတိယဆုရရှိသော အသင်းများကို ဆုချီးမြှင့်ပေးပြီး
တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြသည်။
ပြိုင်ပွဲကို ဒဂုံတက္ကသိုလ်၌ ဇွန် ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပရာ ရှေးဟောင်းသုတေသနဌာန၊
ရူပဗေဒဌာန၊ ဓာတုဗေဒဌာန သတ္တဗေဒဌာန၊ ဥပဒေပညာ ရုက္ခဗေဒဌာန၊ ဒဿနိကဗေဒဌာန၊ ကွန်ပျူတာသိပ္ပံ၊
နိုင်ငံတကာ ဆက်ဆံရေးပညာ၊ သင်္ချာဌာနနှင့် အင်္ဂလိပ်စာဌာနတို့မှ ဝင်ရောက်ယှဉ်ပြိုင်
ခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)
No comments