ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

 



နေပြည်တော် ဇွန် ၁၉

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီတော် မြတ်ကြီး၊ ဆွမ်းဦးပုညရှင်စေတီတော်နှင့် ရတနာဆင်များရှင်ဘုရားကြီးတို့၌ ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား ဒေသခံပြည်သူများနှင့်အတူ အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်အားပေး ဆောင်ရွက်နေကြသူများကို အင်အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် သကျမီတာသီလရှင်စာသင်တိုက်၊ လရှင်စာသင်တိုက်၊ ဇမ္ဗူမင်္ဂလာဆုတောင်းပြည့်ဘုရား၊ ရား၊ စိန်ရတနာ စိန်ရတနာ ကျောင်းတိုက်နှင့် ရတနာအောင်မြင်ကျောင်းတိုက်များ၌ ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများကို အဖွဲ့အစည်းအသီးသီးက စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှား ရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု၊ မဟာစည်းခုံကြီး စေတီတော် ပရိဝုဏ်အတွင်း၌ ငလျင်ဒဏ်သင့်ပြည်သူများ နေထိုင်နိုင်ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးနေမှု၊ စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်သင့် လူနေအဆောက်အအုံများ၊ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာများရှိ အပြိုအပျက်များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စက်ယန္တရားကြီးများ၊ အရှိန်အဟုန်မြင့်အားသာ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု၊ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းတော် ကြီး၏ ဘုံခုနစ်ဆင့်နေရာတွင် ငြမ်းများ စနစ်တကျ ဆင်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဂန္ဓကုဋိတိုက်အား ပိုမိုခိုင်ခံ့စေရန်အတွက် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု၊ ဘုရားကြီး၏ နောက်ကျောတော်နေရာတွင် ပြိုကျပျက်စီးသွား သည့်တိုင်များအား ပြန်လည်တည်ဆောက်ရန်အတွက် တိုင်ကျင်းများ တူးဖော်ထားရှိမှုနှင့် ချိတ်ဆွဲ ရတနာပြတိုက်အတွင်း မဟာမုနိဘုရားကြီး၏ ထီးတော်နှင့် စိန်ဖူးတော်အား ပူဇော်ခံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ပြန်လည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ် အလယ်ရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့ရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရား ကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်း ဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက် ရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.