နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ၇၉ ရက်မြောက် လှည့်လည်ရောင်းချ
နေပြည်တော် ဇွန် ၁၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊
ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်
ဟင်းသီးဟင်းရွက်များကို နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့်
ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး
ယနေ့တွင် ၇၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။
နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ
(မနောသုခ- Export Quality) ရှစ်အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ငါးအိတ်၊ စားအုန်းဆီပိဿာ
၃၂၀၊ ဆား ခုနစ်ပိဿာ ၂၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၁၇ ထုပ်၊ ငါးပိ ၁ ပိဿာ ၄၀
ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သား ပါ ရှစ်ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ကိုးထုပ်၊ ငါးနီတူခြောက်
၁၀ ကျပ်သားပါ ခုနစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ငါးထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ
လေးထုပ်၊ ကြက်ဥအလုံး ၂၅၀၊ ဘဲဥ ၃၅ လုံး၊ ခေါက်ဆွဲခြောက် ငါးထုပ်တို့ကို ရောင်းချပေးခဲ့ပြီး
နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဇွန် ၁၉ ရက်တွင် ကြက်သား
(အကောင်) ၅၅ ကောင်၊ ကြက်ဥ အလုံး ၃၀၀၀၊ ဘဲဥအလုံး ၂၀၀၊ ငုံးဥအလုံး ၂၀၀၀ တို့ကို ရောင်းချပေးခဲ့သည်။
အလားတူ စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့
ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) တစ်အိတ်၊ စားအုန်း ဆီ ၇၅ ပိဿာ၊ ဆား ငါးပိဿာ၊ ကုလားပဲ ၁၀
ဘူး၊ ငါးပိ သုံးပိဿာ၊ ငါးနီတူခြောက်တစ်ပိဿာ၊ ပုစွန် ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊
ကြက်ဥ ၇၃ လုံး၊ ဘဲဥ ၂၅ လုံး၊ ကြက်သွန်နီ ခုနစ်ပိဿာနှင့် အသားတုတစ်ပိဿာ ရောင်းချပေးခဲ့ပြီး
မန္တလေးမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (မနောသုခ)
၁၆ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀ ၊ ဆား လေးပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ခုနစ် ထုပ်၊ ငါးပိနှစ်ပိဿာ
၂၅ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၁၀ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ် သား ၁၃ ထုပ်၊ ကြက်ဥအလုံး
၁၀၈၀ ၊ ဘဲဥအလုံး ၆၃၀ နှင့် ခေါက်ဆွဲခြောက် ၈၅ ထုပ်တို့ကို လှည့်လည်ရောင်းချပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments