နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၄) သင်တန်းဖွင့်ပွဲကျင်းပ



ရန်ကုန် ဇွန် ၁၆

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသည့် သင်တန်းဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး မိမိဝန်ကြီးဌာန၏ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၄)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၁၅)ဦး၊ သင်တန်းသူ (၂၅၂)ဦး၊ စုစုပေါင်း (၃၆၇)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန်၁၆ ရက်မှ ဩဂုတ်၂၇ ရက်ထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.