အဲအိန္ဒိယလေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် အဆင့်မြင့်ကော်မတီတစ်ရပ် ဖွဲ့စည်း



နယူးဒေလီ  ဇွန်  ၁၅

အိန္ဒိယအစိုးရသည် အဲအိန္ဒိယလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းရန်  အဆင့်မြင့်   ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ မြေပြင်ပေါ်၌ သေဆုံးသူများပါ ပေါင်းထည့်လျှင် လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ ၂၇၀ ကျော်ရှိကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်သည်    ဇွန် ၁၂ ရက်က  ခရီးသည် ၂၄၂ ဦးကို တင်ဆောင်ကာ လန်ဒန်မြို့ ဂတ်ဝှစ် လေဆိပ်သို့ ဦးတည်ပျံသန်းပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အမီဒါဘတ်မြို့မှ ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့ခြင်းဖြစ်သည်။

အစိုးရက  လေကြောင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုမှ သီးခြားကင်းလွတ်သော အဆင့်မြင့်     စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကြောင်း ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ကော်မတီ တွင် အစိုးရနှင့် အိန္ဒိယတပ်မတော်မှ အရာရှိများ ပါဝင်သည်။

အဆိုပါကော်မတီသည် ဇွန် ၁၆   ရက်တွင်   ပထမဆုံးအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး  သုံးလအတွင်း  အစီရင်ခံစာတင်သွင်းရန်   စီစဉ်ထားသည်။ အဆိုပါလေယာဉ်သည် ဆေးကောလိပ် အိပ်ဆောင်ပေါ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျစဉ် ကျောင်းသားအများစုမှာ နေ့လယ်စာ    စားနေကြသည်ဟု   ဒေသခံဆေးဝန်ထမ်းများက အင်န်အိတ်ချ်ကေသို့ ပြောသည်။ 

အဆိုပါဖြစ်ရပ်ကြောင့် ကျောင်းသားလေးဦး သေဆုံးခဲ့ပြီး ၄၀   ကျော် ဒဏ်ရာရရှိခဲ့သည်။ လေယာဉ် ပေါ်   လိုက်ပါလာသည့် လူပေါင်း ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။           

အင်န်အိတ်ချ်ကေ 

No comments

Powered by Blogger.