မကွေးမြို့နယ်၌ မိုးမြေပဲယခင်နှစ်ကထက်တိုးချဲ့စိုက်ပျိုး

 


 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ ကျီးပင်ကန် ကျေးရွာအုပ်စု ပုထိုးစမ်းကျေးရွာသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိုးမြေပဲများကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ မိုးမြေပဲကို ဧပြီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုး လျက်ရှိရာ စိုက်ဧက ၁၅၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

မိုးမြေပဲကို ဧပြီလနှင့် မေလများတွင် စိုက်ပျိုးပြီး နှစ်လခန့် အကြာတွင် နုတ်ယူခူးဆွတ်ရ ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ရှိပြီး ပင်ပြန့်မျိုး ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးမြေပဲကို ကြဲပက် စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစနှစ်တင်းမှုန့် သင်ကုန်ကျ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲတောင့် အတင်း ၈၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် တောင်သူများက မကွေးမြို့ ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြောင်း၊ မိုးမြေပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် များရရှိသောကြောင့် ယခုနှစ်တွင် မိုးမြေပဲစိုက်ဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးမြေပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA (မကွေး)

No comments

Powered by Blogger.