ဘာလင်အိုးပင်းပြိုင်ပွဲမှ ဗြိတိန်နာမည်ကျော် ရာဒူကာနူ နုတ်ထွက်
ဗြိတိန်နာမည်ကျော်တင်းနစ်မယ်
အမ်မာရာဒူကာနူသည် လာမည့်သီတင်းပတ်အတွင်း ကျင်းပတော့ မည့် ဘာလင်အိုးပင်းပြိုင်ပွဲကို
ဒဏ်ရာပြဿနာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကစားတော့မည် မဟုတ် ကြောင်း သိရသည်။
ဗြိတိန်နံပါတ်တစ်နေရာ ပြန်လည်ရယူတော့မည့် အသက် ၂၂
နှစ်အရွယ် ရာဒူကာနူသည် ပြီးခဲ့သည့် လက စထရာဘော့ဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားပြီးနောက် အဆိုပါ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း
ဖြစ်သည်။
ယူအက်စ်အိုးပင်းချန်ပီယံဟောင်း
ရာဒူကာနူသည် ဇွန် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိတ်ချ်အက်စ်ဘီစီချန်ပီယံရှစ်ပြိုင်ပွဲ
ကွာတားဖိုင်နယ်တွင် ပြိုင်ဘက်တရုတ်တင်းနစ်မယ် ကွင်ဝင်ရှောင်ကို ၆-၂၊ ၆-၄ ရလဒ်ဖြင့်ရှုံးနိမ့်ကာ
ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ရာဒူကာနူသည် လာမည့် ဇွန်
၂၃ ရက်မှ ၂၈ ရက်အတွင်း ကျင်းပမည့် Eastbourne ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်။
မိုးဇက် - စုစည်းရေးသားသည်
No comments