ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ၏ ဆုကြေးကို ၇ ရာခိုင်နှုန်း တိုးမြှင့်သွားမည်
ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ၏
စုစုပေါင်း ဆုကြေးငွေကို ၇ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်ပြီး စံချိန်တင် ပေါင်
၅၃ ဒသမ ၅ သန်းအထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုကြေးငွေသည် ၂၀၂၄ ခုနှစ်တွင်
ပေါင်သန်း ၅၀ ရှိကြောင်း၊ ယင်းမှာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း သိရ
သည်။
ပြီးခဲ့သည့်နှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်
ကားလို့စ်အယ်ကာရက်ဇ်နှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ဘာဘိုရာခရီစီကိုဗာတို့သည်
အသီးသီးဗိုလ်စွဲခဲ့ကြပြီး ပေါင် ၂ ဒသမ ၇ သန်းစီ ဆုကြေး ရရှိခဲ့သည်။ ယခုနှစ်တွင် အနိုင်ရဗိုလ်စွဲမည့်သူအနေဖြင့် ၁၁ ရာခိုင်နှုန်းတိုးကာ ပေါင် သုံးသန်းအထိ ရရှိမည်ဖြစ်သည်။
နှစ်ယောက်တွဲပြိုင်ပွဲတွင် အနိုင်ရရှိမည့်သူများအနေဖြင့် လေးရာခိုင်နှုန်းတိုးကာ ပေါင် ၆၈၀၀၀၀ ရရှိမည် ဖြစ်သည်။
ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲကို လာမည့် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၃ ရက် အထိ ကျင်းပသွားမည်
ဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်
No comments